MNP ၊ နိုဝင်ဘာ ၃
ဘီးလင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ( ၆၆/၆)များနှင့်ပတ်သက်၍ အသိပေး ထုတ်ပြန်ချက်များကို ပြည်သူများသိရှိစေရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် သာသနာ့ဗိမာန် ရှေ့တွင် ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံသား စိစစ်ရေးကတ်များနှင့် ပတ်သက်၍ အချက်(၇) ချက်၊ ပုံစံ(၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်း (အထစ)နှင့်ပတ်သက်၍ အချက်(၆)ချက်ကို ပြည်သူအများသိရှိနားလည် စေရန်ပြည့်စုံစွာ ဖေါ်ပြထားသည်။
ထိုသို့ဖြန့်ဝေရခြင်းမှာ ဘီးလင်း မြို့နယ် အတွင်းရှိ ပြည်သူများ၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုလျှင် သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထား ကို အမြန်ဆုံးသိရှိ နိုင်ရေးတို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ( ၆၆/၆)ပုံစံ များအား Software Program စနစ် ဖြင့် Database ထည့်သွင်းရိုက်ကူး ခြင်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘီးလင်း မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်လျက် ရှိရာ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များနှင့်အိမ်ထောင်စုလူဦးရေစာရင်း ( ၆၆/၆ ) ပုံစံများ ကွဲလွဲ ခြင်း၊အပိုကိုင်ဆောင် ခြင်းများအား နီးစပ်ရာ မြို့နယ် (လဝက)ရုံး များသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး ဖြန့်ဝေရ ခြင်းဖြစ်သည်။
ယင်းလက်ကမ်းစာစောင်များကို ဘီးလင်း မြို့နယ် (လဝက)ဦးစီးဌာနမှ မြို့နယ်(လဝက) ဦးစီးမှူး ဦးစောဝင်းကြည်နှင့် ဝန်ထမ်းများ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစိုးသီဟတို့က ဖြန့်ဝေပေးခြင်း၊ Hand Speakerဖြင့်အသိပေးကြေငြာခြင်း များကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment