မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အခမ်းအနားများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အခမ်းအနားများ ပြုလုပ်








MNP ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာ (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆရာ တော် သံဃာ တော်များ ပင်ဖိတ်၍ တရားနာယူခြင်း ၊ ဆွမ်းကပ်ခြင်း ၊ ဝတ္တူငွေများ ဆက် ကပ်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   သက်ပြည့် အငြိမ်းစား ယူ ခဲ့ကြသည့် ဝန်ထမ်းဟောင်း များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြသည်။ 


ထို့နောက် (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် က  မိမိတို့ ဌာန၏ လက်ရှိ ဆောင် ရွက်နေ သည့်အခြေအနေများ ၊ ဌာန၏ သမိုင်းအကြောင်း အရာများ အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ သည်။ ယင်းနောက် ၂၀၂၂ ခုနှစ် ၊ နှစ်စမှ စ၍  မည့်သည့် ခွင့်မှ /ခံစားမှုမရှိသော  ဝန်ထမ်းများ ၊တာဝန်ကျေပွန်ဆု ၊ အချိန် မရွေး တာဝန် ထမ်းဆောင်ဆု စသည့် ဆုများ ၊ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရ ကျောင်း သား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့် ပေးခဲ့ကြရာ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၏ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ များ အဖြစ် ကျင်းပ ပြုလုပ်ခဲ့သည့် အမျိုးသား ခြင်းလုံးပြိုင်ပွဲ ၊ အမျိုးသား၊ အမျိုးသမီး ကြိုးဆွဲပွဲများ စသည့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ သူများအား တာဝန်ရှိသူ များက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး   အမှတ်တရတူညီ ဝတ်စုံများကိုလည်း ပေးအပ်ခဲ့ ကြောင်း သိရ သည်။  


သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)