နည်းပညာတက္ကသိုလ် (မန္တလေး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူသစ်များအတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ် (မန္တလေး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူသစ်များအတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ  ၂၁


 သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူသစ်များ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ နည်းပညာက္ကသိုလ် (မန္တလေး)၊ တာဝန်ခံ ဒုတိယပါမောက္ခချုပ်  Dr.စုယဉ်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့်ကိစ္စတို့ကို ကျောင်းမှ ဆရာ၊ ဆရာမများက သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ သင်ကြာရေးပိုင်းတွင်လည်း ဘက်လိုက်မှု မရှိပဲတန်းတူညီမျှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း အစရှိသည်များအား ပြောကြားပြီး၊  နည်းပညာက္ကသိုလ် (မန္တလေး)၊ အင်ဂျင်နီယာဌာနများနှင့် အကယ်ဒမစ်ဌာန သက်ဆိုင်ရာဌာနမှူးအသီးသီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြသည်။


ထို့နောက် နည်းပညာတ္တသိုလ် (မန္တလေး)သို့ တက်ရောက်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများမှ အကြံပြုပြောကြားလိုသည်များ ဆွေးနွေးတင်ပြခဲ့ကြသည်။ အခမ်း အနားသို့ နည်းပညာက္ကသိုလ် (မန္တလေး)မှ  တာဝန်ခံ ဒုတိယပါမောက္ခချုပ်  Dr.စုယဉ်ဝင်း၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)