မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်

 


MNP - နိုဝင်ဘာ   ၂၁


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျီတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းမျာအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခု  ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၉.၀၈၁ သန်းဖြင့် ကျီတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်းအား အရှည်ပေ ၉၇၅ ပေ ၊ အကျယ် ၁၂ ပေ ၊  ထု ၃ လက်မ ရှိသည့် ကတ္တရာခင်းခြင်းလုပ်ငန်းကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION CO;LTD က တာဝန်ယူ၍ နိုဝင်ဘာလ ဒုတိယပတ်မှ  စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 


၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းများအနက် လမ်း(၁၂)လမ်းအား ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းတို့ ဆောင်ရွက်ရာတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (၃) လမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၆) လမ်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း (၃)လမ်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)