သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ



MNP - နိုဝင်ဘာ  ၂၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉) နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၃၆)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၃)ဦး စုစုပေါင်း (၅၉)ဦးတို့က သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရေးဖြေနှင့်နှုတ်ဖြေ အခန်း(၂) ခန်းခွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများမှ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)