MNP ၊ နိုဝင်ဘာ ၂၅
ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူစီမံအုပ်ချုပ်ရေးဆရာတော်(၅)ပါးနှင့် အလှူရှင်ဒကာ၊ ဒကာမအပေါင်းတို့က ပြင်ဦးလွင်မြို့၊ ထုံးဘိုရပ်တွင် သီတဂူဆန်ချီစေတီတော် ဌာပနာသွင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင်လှစ်ပြီး သီတဂူဆရာတော်ဘုရားကြီးမှ ဘုရားကိစ္စဆောင်ရွက်မည့် လူပုဂ္ဂိုလ်များကို ရှစ်ပါးသီလဆောက်တည်စေပါသည်။
ဆက်လက်၍သီတဂူဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ပရိတ်တော်များနှင့် စေတီတော်ကိုပူဇာ်၍ သီတဂူဆရာတော်ဘုရားကြီးနှင့် သံဃာတော်များ၊ ဒကာ၊ ဒကာမများတို့မှ ဘုရားဆင်းတုတော်များ၊ စွယ်တော်များ၊ ရတနာများကို ဌာပနာမည့် နေရာသို့ ပင်ဆောင့်ပူဇော်ခဲ့၍ ဌာပနာသွင်းပြုလုပ်ခဲ့သည်။
ထို့နောက် ဌာပနာသွင်းအခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်များ၊ ဧည့်သည်တော်များကို အလှူရှင် ဦးရဲမြင့်မိသားစုမှ အုန်းနို့ခေါက်ဆွဲ၊ ကော်ဖီဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment