MNP - နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုသည် ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ သည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုက ဝန်ထမ်းများစည်းလုံးညီညွတ်ရေး ရုံးအသွင် သဏ္ဍာန်နှင့် အနှစ်သာရမြင့်မားရေး ဥပဒေစည်းမျဉ်း စည်းမျဉ်းစည်းကမ်းများနှင့် အညီနေထိုင်လုပ်ကိုင်ကြရေး အဆင့်ဆင့် အမိန့်နာခံမှု တာဝန်ယူ တာဝန်ခံမှုရှိရေး မိသားစု စိတ်ဓာတ် ရဲဘော် ရဲဘက်စိတ်ဓာတ်များဖြင့် ဆောင်ရွက်ကြရေး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ ဦးတည်ချက်များအောင်မြင်အောင် ကျရာတာဝန် ကျေပွန်အောင်ဆောင်ရွက်ရေး ဘာသာရေးအသိ လုံခြုံရေးအမြင်များရှိရေး ကျန်းမာရေးအသိအမြင်များဖြင့် နေထိုင်ရေး ရုံးတွင်းရုံးပြင် သန့်ရှင်းရေးကို အစဉ်ထိမ်းသိမ်းဆောင်ရွက်ရေး လုပ်ငန်းများကို အမိန့် ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရေး ဝန်ထမ်းများ၏ စိတ်ဓာတ်ကောင်းမွန်မှု လုပ်ငန်းစွမ်းရည်ပြည့်ဝမှုဖြင့် ဌာနဂုဏ်မြို့နယ်ဂုဏ်ကို မြင့်မားအောင်ဆောင်ရွက်ကြရေး စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment