မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇ / ၂၀၂၂) အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇ / ၂၀၂၂) အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်



MNP - နိုဝင်ဘာ   ၂၄


မွန်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ စိုက်ပျိုးလယ်ယာမြေများအား စပါးနှင့် ဆီထွက်သီးနှံများ ဆက်လက်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ လယ်ယာမြေများအား အခြားနည်းအသုံးပြုခွင့်များ တင်ပြလျှောက်ထားလာမှုများအပေါ် မြေယာစီမံခန့်ခွဲမှုများကို ဥပဒေနည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ကျေးရွာများအတွင်းရှိ လယ်ယာမြေများပေါ်တွင် စိုက်ပျိုးထားမှုမရှိဘဲ အကြောင်းမဲ့ လှပ်မြေများမဖြစ်စေရေး၊ သီးနှံများအား စနစ်တကျ စိုက်ပျိုးကြစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေး တင်ပြချက်များနှင့် စပ်လျဉ်း၍ အမှန်တကယ် ဆောင်ရွက်ကြရန် လိုအပ်သလို၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး ဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း အမှာစကားပြောကြား ခဲ့သည်။


ထိုနောက် ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းမှ မွန်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံပြုခွင့်လျှောင်ထားခြင်း၊ လယ်မြေကို အခြားနည်းအသုံးခွင့် လျှောက်ထားခြင်းနှင့် သီးနှံပြောင်းလဲ စိုက်ပျိုးခွင့် လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ထားရှိမှု အခြေအ‌နေတို့အား ရှင်းလင်းတင်ပြခဲ့ပြီးကော်မတီဝင်များကဖြည့်စွက်  ဆွေးနွေးတင်ပြကြခဲ့အမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်ကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)