MNP - နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များ အတွေးမှား အယူအဆမှားမဖြစ်စေရေး၊ အရွယ်မတိုင်မလမ်းမှားမရောက်စေရေး၊ ကလေးသူငယ်များ၏ ရပိုင်ခွင့်အခွင့်အရေးများကိုသိရှိပြီး ပြည့်ဝစွာရရှိစေရေးနှင့် ကလေးသူငယ်များ အနာဂါတ်ဘဝကောင်းမွန်စေရေးအတွက် ကျောင်းများတွင်အသိပညာပေးဟောပြောပွဲများ ပိုမိုဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်တွေ့ပါဝင်ဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ပပဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ မြို့နယ်အတွင်းလုပ်ငန်းဆောင်ရွက်ချက်များ၊ ကိုယ်ပိုင်မူလတန်းကြိုကျောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ထားရှိသော မူလတန်းကြိုကျောင်းများ စီစဉ်ဆောင်ရွက်မှုများ၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ကူညီထောက်ပံ့ပေးနိုင်မှုများ၊ အသိပညာပေးဟောပြောဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဇီးကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - တင့်ဆွေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment