မောင်တောမြို့နယ် မြို့မအရှေ့ရပ်ကွက်၌ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့နယ် မြို့မအရှေ့ရပ်ကွက်၌ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး





MNP ၊  နိုဝင်ဘာ   ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊  မြို့မအရှေ့ရပ်ကွက်  ၊ ဟိန္ဒူရွာ၌ ယနေ့ မွန်းလွှဲ ၁၂ နာရီ ၅၀ မိနစ် အချိန်ခန့်က မီးကြွင်း မီး ကျန်မှ တဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး  မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်း အရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး သန့်စင် ၊ မြို့နယ် မီး သတ် ဦးစီး မှူး ထွန်းရွှေခိုင် တို့ ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ဖြင့် မီး လောင်ပြင်သို့ သွား ရောက် မီးငြိမ်းသတ်ခဲ့ရာ (၁၂:၅၀) အချိန် မီး စတင် လောင်ကျွမ်းပြီး  (၁:၀၀) မီး ထိန်း နိုင် ခဲ့ရာ (၁:၁၀) မိနစ် အချိန် မီး ငြိမ်း သတ်နိုင်ခဲ့သည်။  

ဖြစ်စဉ်မှာ ၊  မြို့မအရှေ့ရပ်ကွက်  ၊ဟိန္ဒူရွာနေ ဒေါ်ဖူနော်နီ အသက် ၄၀ နှစ် (ဘ) ဦး လေးထူး၏ အလျား ၂၀ ပေ ၊အနံ ၁၀ ပေ ၊အမြင့် ၁၀ ပေ (ဓနိမိုး ၊ဝါးထရံ ကာ၊မြေစိုက်) နေအိမ်အတွင်းရှိ  မီးကြွင်း မီး ကျန်မှ တဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းပြီး ဘေးကပ်လျက်ရှိ ဦးဇော်လာ အသက်(၃၅)နှစ် (ဘ)ဦးလေးထူး ၏ အလျား ၂၅ ပေ ၊အနံ ၁၀ ပေ ၊အမြင့် ၁၅ ပေ (ပျဉ်ခင်း ၊ဝါးထရံ ကာ၊သွပ်မိုး)နေအိမ်(၁)လုံးအား မီးကူးစက်လောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး   မီးလောင်မှု ကြောင့် လူ/ တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရ သည်။  

မီးလောင်မှု နှင့် ပတ်သတ်၍  နေအိမ်ပိုင်ရှင် ဖြစ်သူ ဒေါ်ဖူနော်နီ အသက် ၄၀ နှစ် (ဘ) ဦး လေးထူးအား မောင်တော မြို့မရဲစခန်းတွင် (ပ-၁၁၉/၂၀၂၂)၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့် အရေးယူ နိုင်ရေး စီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)