သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။


လူရည်ချွန်ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး Grade-9 တွင် ကျောင်းသား (၃၁)ဦး၊ ကျောင်းသူ(၃၁)ဦး၊ Grade-10တွင် ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၇)ဦး၊ Grade-11တွင် ကျောင်းသား(၇)ဦး၊ကျောင်းသူ(၇)ဦး၊စုစုပေါင်း(၉၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ဖြေဆိုသည့် ဘာသာရပ်များမှာ  မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူ‌တွေ့စစ်ဆေးခြင်း၊   ကိုယ်ကာယဘာသာရပ်များကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)