ရမ်းဗြဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ



MNP - နိုဝင်ဘာ ၂၉


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ကြသည်။


ထိုသို့ အသိပညာပေး (Talk Show) ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေင်တင်ကြည်က ကလေးအလုပ်သမားပပျောက်ရေး (Talk Show) ပြုလုပ်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


ယင်းနောက် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးက ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အသက်(၁၈)နှစ်မပြည့်သေးသူများအား ကလေးသူငယ်အဖြစ်သတ်မှတ်ထားရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ကလေးအလုပ်သမားဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကလေးအလုပ်သမားများ၏ဥပဒေဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၏အခွင့်အရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီး ကော်မတီမှ ပြည်သူများသိရှိနားလည်အောင် ဆောင်ရွက်ပေးနေမှုများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပေးပြီးနောက် ကလေးအလုပ်သမားများပပျောက်ရေးအတွက် စီးပွားလုပ်ငန်းရှင်များ၊ ကလေးမိဘများနှင့် ပြည်သူများမှ နိုင်ငံတော်မှချမှတ်ထားသည့် ကလေးအလုပ်သမားဆိုင်ရာ ဥပဒေစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)