ပြည်ပြေး ဝရမ်းပြေး ပန်ဆယ်လို က စင်္ကာပူမှ အိုင်းရင်းဆိုသူ အမျိုးသမီးအား ရှင်က ရှူးတိုက်တိုင်း ကိုက်တတ်တဲ့ ခွေးလား ဟု မေးခွန်းထုတ်လိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပန်ဆယ်လို က စင်္ကာပူမှ အိုင်းရင်းဆိုသူ အမျိုးသမီးအား ရှင်က ရှူးတိုက်တိုင်း ကိုက်တတ်တဲ့ ခွေးလား ဟု မေးခွန်းထုတ်လိုက်ပြီ



MNP ၊ နိုဝင်ဘာ ၁၇

ဆူပူအကြမ်းဖက် လှုံ့ဆော်မှုများကြောင့် တရားစွဲဆိုခံရပြီး အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ ပြည်ပြေး ဝရမ်းပြေး ပန်ဆယ်လို က စင်္ကာပူနိုင်ငံမှ အကြမ်းဖက်လှုံ့ဆော်သူ အိုင်းရင်းဆိုသူ အမျိုးသမီးအား "ရှင်က ရှူးတိုက်တိုင်း ကိုက်တတ်တဲ့ ခွေးလား" ဟု မေးခွန်းထုတ်လိုက်သည်။

ပြည်ပြေး ဝရမ်းပြေး ပန်ဆယ်လိုသည် အမေရိကန်နိုင်ငံအတွင်း လှည့်လည်အလှူခံ၍ မြန်မာပြည်အတွင်း ယုတ်မာရိုင်းစိုင်းစွာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်နေသည့် PDF အကြမ်းဖက်သမားများကို လက်နက်နှင့် ငွေကြေး ထောက်ပံ့ပေးနေသူဖြစ်သည်။ အလားတူ စင်္ကာပူနိုင်ငံမှ အိုင်းရင်း သည်လည်း အလှူငွေရှာဖွေ၍ ယုတ်မာရိုင်းစိုင်းသော PDF အကြမ်းဖက်သမားများအတွက် ပံ့ပိုးပေးနေသူ ဖြစ်သည်။

အကြမ်းဖက်အဖွဲ့များအတွက် ထောက်ပို့ လုပ်ပေးနေသည့် ပန်ဆယ်လိုနှင့် အိုင်းရင်းတို့သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည်၏ သား ထံမှ လေလံပစ္စည်း ရယူပြီး ရောင်းချ၍ အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းခဲ့ကြရာ စင်္ကာပူမှ အိုင်းရင်း က သိန်း တစ်ရာကျော်သာ ရန်ပုံငွေ ရရှိခဲ့ပြီး အမေရိကန် နိုင်ငံမှ ပန်ဆယ်လိုက ဒေါ်လာမီလီယံချီ ရရှိခဲ့ရာမှ ပြဿနာစတင်ခဲ့ပြီး သက်ဆွေဝင်း ဆိုသူကလည်း ပန်ဆယ်လို အမည်ကို အသုံးချ၍ အိုင်းရင်းထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း အိုင်းရင်းက ပြောဆိုသည်။

ပန်ဆယ်လို က Live လွှင့်၍ စတင် ပြောဆိုခဲ့ရာမှ အိုင်းရင်းက တုန့်ပြန်ပြောဆိုခဲ့ရာ ငယ်ရွယ်သူ ဖြစ်သော်လည်း မိဘအရွယ်ကိုပင် ရိုင်းစိုင်းစွာ ဆဲဆိုစော်ကား ပြောဆိုတတ်သော ပန်ဆယ်လိုက "ရှင်က ရှူးတိုက်တိုင်း ကိုက်တတ်တဲ့ ခွေးလား" ဟု အိုင်းရင်း ကို ဆဲဆိုစော်ကား ပြောဆိုလိုက်ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)