MNP ၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသား( ၁၆)ဦးလွှတ်ပေးခြင်းအခမ်းအနား ကို ယနေ့ ညနေ( ၂)နာရီအချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်ကျော်ကျော်တို့က လွတ်မြောက်လာသော အကျဉ်းသားများအား ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။
ထို့နောက်ဘူးသီးတောင်အကျဉ်းထောင် မှ တာဝန်ခံအရာရှိလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးလှိုင်က အမှာစကားပြောကြားပြီး လွှတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား ထောင်ထွက်လက် မှတ်နှင့် စားစရိတ်/ခရီးစရိတ်များကိုတာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိရသည်။
လှကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment