ငပလီဆောင်ဦးပွဲတော် ကျင်းပမည့်နေရာအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီဆောင်ဦးပွဲတော် ကျင်းပမည့်နေရာအား ကွင်းဆင်းကြည့်ရှု


MNP ၊ နိုဝင်ဘာ ၁၇

သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ငပလီဆောင်းဦးပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးမျိုးချစ် သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်၊ ပွဲတော်ကျင်းပရေးကော်မတီများနှင့်အတူ ယနေညနေ ၃နာရီက ငပလီဆောင်းဦးပွဲတော်ကျင်းပမည့် Ngapali Paradise Hotel နှင့် အားကစားပွဲများကျင်းပမည့် ကမ်းခြေများသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပွဲတော်ကျင်းပမည့် စင်မြင့်ပြင်ဆင်နေမှု၊ နောက်ခံဗီနိုင်း တတ်ဆင်ဆောင်ရွက်မှု ၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်မှု၊ ဖဲကြိုးဖြတ်မည့်နေရာ၊ ရခိုင်ရိုးရာယိမ်းအဖွဲ့၊ ပန်းပွါးဘင်ခရာအဖွဲ့ထားရှိမည့်နေရာနှင့် အားကစားပွဲများကျင်းပဆောင်ရွက်မည့် နေရာများကို သတ်မှတ် ပေးပြီး ဆပ်ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များအား လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါငပလီဆောင်ဦးပွဲတော်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် Ngapali Paradise Hotel တွင်ကျင်းပသွာမည်ဖြစ်ပြီး သဲသောင်ပြင်ဘောလီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ သဲပန်းချီပြပွဲနှင့်စက်ဘီးစီပွဲအစရှိသည့်အားကစားပွဲများကိုထည့်သွင်း၍ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရသည်။

ငပလီဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေမည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအားဆွဲဆောင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ်စတင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ရက်မှ ၁၈ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီး ယခုနှစ် တွင် တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)