ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား(၂၁)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား(၂၁)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

 





MNP ၊ နိုဝင်ဘာ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ (၁၇-၁၁-၂၀၂) ရက်စွဲပါ အမိန့်အမှတ်၇၀/၂၀၂၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁)အရ မွန် ပြည်နယ် ဘီးလင်းမြို့နယ် ၊တောင်စွန်းကုန်ထုတ်စခန်းတွင် ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသား ၂၁ ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီ ခွဲအချိန်က တောင်စွန်းအကျဉ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

   

အခမ်းအနားတွင် တောင်စွန်းအကျဉ်းဦးစီးဌာနမှ  လက်ထောက် ညွှန်ကြား ရေးမှူး ဦးဇော်ရဲအောင်က (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲ နေ့ကို ဂုဏ်ပြုသောအားဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၏ (၁၇-၁၁-၂၀၂) ရက်စွဲပါ အမိန့်အမှတ်၇၀/၂၀၂၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁)အရ ပြန်လည်လွှတ်ပေးခြင်း ဖြစ်ပြီး အပြင်သို့ရောက်ရှိသွားပါက ထပ်မံဥပဒေများချိုးဖေါက် ပါက ယခုလွှတ်ပေးသည့် ပြစ်ဒဏ်နှင့်ဖောက်ဖျက်သည့် ပြစ်ဒဏ်များ (၂)ခု လုံးပေါင်း၍ ကျခံစေရမည်ဖြစ်ကြောင်း၊ အပြင်၌ ကောင်းရောင်း ကောင်းဝယ် လုပ်စားကြရန်နှင့် ဥပေဒအညီ နေထိုင်သွားလာကြရန် စသဖြင့်ဆုံးမဩဝါဒစကားများပြောဆိုဆုံးမခဲ့သည်။ ယင်းနောက် အကျဉ်းသား ဦးမင်းသစ်ထွန်းပါ (၂၁)ဦးတို့အား ထောင်လွှတ် လတ်မှတ်နှင့် လမ်းစရိတ်၊ ထမင်း စရိတ်ငွေများအား ထောက်ပံ့ပေးအပ် ခဲ့ပြီး ၎င်းတို့အား နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြသည်။

     

အဆိုပါ အခမ်းအနားသို့ တောင်စွန်းအကျဉ်းဥွးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးသီဟ၊ တောင်စွန်းနယ်မြေရဲစခန်းမှူး ရဲအုပ် သန်းထိုက်၊တောင်စွန်းနယ်မြေ မီးသတ်စခန်းမှူး ဦးသက်ဇော်ဦး၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ကိုဦးနှင့် အကျဉ်းသားများ စုစုပေါင်း(၃၀)ဦးခန့်  တက်ရောက်ခဲ့ကြောင်းသိရသည်။


ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)