ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ၊ တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ၊ တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ





ဘူးသီးတောင် နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်မိုးစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့က ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာအုပ်စု၌ ကျင်းပသည်။


အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မောင်တောခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီနှင့် ဝန်ထမ်းများ၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နှင်းထွေးနှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသည့် တောင်သူများတက်ရောက်ခဲ့ကြပြီးရိတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ကြရာတောင်သူဦးအေဆက်နုလ္လာ၏ ကွင်းအမှတ်( ၃၂၆ A)ဦးပိုင်အမှတ်( ၁၄/၁)၌စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုး( ၁၀၀)ဧကအား( ဝ.၁၀)ဧက ကိုယ်စားပြုစံကွက်ကို Combined Harvester( ရိတ်သိမ်းခြွေလှေ့စက်) ဖြင့်ရိတ်သိမ်းခဲ့ရာတစ်ဧကအစိုအထွက်နှုန်း( ၁၁၂.၉၈)တင်းနှင့်အခြောက်အထွက်နှုန်းမှာ( ၁၀၃.၂၆) တင်းထွက်ရှိကြောင်းသိရသည်။


ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧကမှာ ( ၅၃၉၁)ဧကရှိပြီးစပါးအထွက် နှုန်းမှန်ကန်ရေးအတွက် နန်းရာကုန်းကျေးရွာအုပ်စု၊ကွင်းအမှတ်( ၃၂၆ A)၌အကျိုးဆောင်တောင်သူ ( ၂၈)ဦးတို့၏ လယ်မြေတွင်တောင်သူပညာပေးအဖြစ် မိုးစပါးဧကတင်း( ၁၀၀)အထက် ရရှိရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း စံပြကွက်( ၁၀၀)ကို စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)