မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ








MNP ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့် လှစ်ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ နိုင်ငံတော်စီစံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက ဖတ်ကြားသည်။ 

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက် တန်း နှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင် ပွဲ နှင့် ပန်းချီပြိုင်ပွဲတွင် (ပထမ၊ဒုတိယ၊တတိယ) ဆုရ ကျောင်းသား/ သူများအား ခရိုင်/မြို့နယ် စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ နှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူ များမှ ပြည်မြန်မာ သီ ချင်း ဖြင့် သီဆိုခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေး နှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်း များက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များဖြန့် ဝေခဲ့ကြ သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ ဝင်များ ၊ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊ ဆရာ၊ဆရာမ များနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၅၀) ခန့် တက် ရောက် ခဲ့ ကြသည်။ 


သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)