နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲ တွေ့ဆုံစဉ် အကြမ်း ဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲ တွေ့ဆုံစဉ် အကြမ်း ဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး






MNP ၊ နိုဝင်ဘာ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ယမန်နေ့က လာရောက်ဂါရဝပြုတွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတာ် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ် ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှားတပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ အပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ရုရှားနိုင်ငံ သို့ မြန်မာ့တပ်မတော်သား ပညာတော်သင်များ စေလွှတ်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်မည့် အခြေအနေ များ၊ ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့် တပ်မတော် အားကစား ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် အပြန်အလှန် ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်း က အလေးထားဆောင်ရွက်လျက်ရှိမှုနှင့် ယခုကဲ့သို့ မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် သည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)