ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ဝင်ရောက်




MNP ၊ နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU၊ KNLA  မှ အကြမ်း ဖက်မှုကို လိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။


အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှု ရှိသည့်အတွက် ထွက်ပြေးတိမ်း ရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန်လည်နေထိုင်နိုင်ရေး အတွက် တယ်လီဖုန်းများဖြင့်လည်းကောင်း၊ အသံချဲ့စက်များဖြင့် မြန်မာဘာသာ၊ ကရင်ဘာသာ စကားများ ဖြင့်လည်းကောင်း ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများ အနက်မှ နိုဝင်ဘာ ၂၈ ရက်နှင့် ယနေ့တို့တွင်  သေဘောထိုးကျေးရွာနှင့် ဘလက်ဒို ကျေးရွာများသို့ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး၊ စုစုပေါင်း ၁၁၉ ဦး ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသည်။


အဆိုပါ ပြန်လည် ဝင်ရောက်လာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျ လက်ခံလျက်ရှိပြီး လိုအပ်သည်များကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)