ပေါင်းစုဆင်နွှဲ ပဒေသာကပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းစုဆင်နွှဲ ပဒေသာကပွဲ



၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကြီးကို နေပြည်တော်မြို့တော်ခန်းမမှာ ကျင်းပနေကြပါတယ်။ ပဒေသာကပွဲကြီးကို ၂၆-၁၁-၂၀၂၂ ရက်နေ့က စပြီး ကျင်းပခဲ့တာ ဖြစ်ပြီး ၃၀-၁၁-၂၀၂၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပွဲကြီးရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်စုံက အနုပညာရှင်ပေါင်းများစွာ ပါဝင်ပြီး ဖျော်ဖြေတင်ဆက်ကြတာကို ထူးထူးခြားခြားတွေ့မြင်ရပါတယ်။


ထူးခြားချက်ကတော့ လွတ်လပ်ရေးနေ့ဂုဏ်ပြုအစီအစဉ်မှာဆိုရင် ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်းတို့ စီစဉ်တင်ဆက်ထားတာကို တွေ့ရပါတယ်။ နိုင်ငံရေးသမားများရဲ့ လှုံ့ဆော်မှုတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ပူးပေါင်းပါဝင်လှုံ့ဆော်ခဲ့ကြတဲ့ အနုပညာရှင်တွေလည်း များစွာ ရှိခဲ့ပါတယ်။ အနုပညာရှင်တွေ ဘာကြောင့် ဆူပူအကြမ်းဖက်၊ CDM လှုံ့ဆော်မှုတွေမှာ ပါဝင်ခဲ့ကြသလဲဆိုတဲ့ အဖြေကို ပြောပါမယ်။


နိုင်ငံရေးလှုံ့ဆော်မှုတွေ ပြုလုပ်ရာမှာ အပါးဝနေပြီဖြစ်တဲ့ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် ရဲ့ သားတပည့်များဖြစ်တဲ့ ၈၈ပွင့်လင်း လူ့အဖွဲ့အစည်းက မင်းကိုနိုင်၊ ဂျင်မီ တို့ ပါလာကြပါတယ်။ ပထမဆုံး လက်သုံးချောင်ထောင် လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။ facebook လူမှုကွန်ရက်မှာ လက်သုံးချောင်ထောင် profile တွေ တက်လာကြပါတော့တယ်။ နီပိန်းအမာခံ အနုပညာရှင်များဖြစ်တဲ့ လင်းလင်း၊ ချစ်သုဝေ၊ ဝိုင်း၊ ပြေတီဦး၊ ကျော်သူ အစရှိတဲ့ သူတွေကလည်း လက်သုံးချောင်ထောင် ပရိုဖိုင်တွေကို သူတို့ရဲ့ စာမျက်နှာတွေကနေ ထပ်ဆင့်ဖြန့်ဝေလာကြပါတယ်။ အဲဒီအချိန်မှာ ဘာလှုံ့ဆော်မှုမှ မလုပ်ဘဲ နေကြတဲ့ အနုပညာရှင်တွေစာရင်းကို သူတို့စစ်တမ်းထုတ်ပါပြီ။ သူတို့ဘက်က မရပ်တည်တဲ့ အနုပညာရှင်တွေကို unfollow လုပ်ကြဖို့ လှုံ့ဆော်ပါပြီ။ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် အနုပညာရှင်တစ်ချို့ကို unfollow လုပ်ကြဖို့ လှုံ့ဆော်လာကြပါတော့တယ်။ အနုပညာရှင်ဆိုတာ ပရိတ်သတ်နဲ့ ရပ်တည်ရတာဖြစ်တဲ့အတွက် ပရိတ်သတ်ရဲ့ အမုန်းကိုတော့ ဘယ်သူမှ မခံလိုကြပါဘူး။ အဲဒီလို လှုံ့ဆော်ခံရတဲ့ အနုပညာရှင်တွေဟာ ချက်ချင်းဆိုသလိုပဲ သူတို့နဲ့ တသားတည်းရပ်တည်ပါကြောင်း ပြသခဲ့ရပါတယ်။ နေတိုး ဆိုရင်လည်း ကောင်းတတ် မကောင်းတတ် ဆန္ဒပြတဲ့အထဲ လိုက်ပေးခဲ့တာကို တွေ့ကြရပါလိမ့်မယ်။ တပ်မတော်မိသားစုဝင် အနုပညာရှင်တချို့ကပါ လက်သုံးချောင်းထထောင်ပြီး ငိုပြတဲ့အခန်းတွေ လုပ်လာကြပါတယ်။ နိုင်ငံရေးကို ဘာမှန်း ညာမှန်းသိလို့တော့ မဟုတ်ဘူး။ အများအကြိုက်ကို လိုက်မှဖြစ်မယ်လို့ ထင်ပြီး မျက်ရည်ခြူတဲ့ အကွက်တွေလုပ်ပြလာကြတာဖြစ်ပါတယ်။


အချို့သော အနုပညာရှင်တွေကတော့ နိုင်ငံရေးသမားများ ဖြန့်ဝေပေးထားတဲ့ ငွေကြေးတွေကို လက်ခံရရှိထားပြီးဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ နန်းမွေစံဆိုရင် လူမျိုးလိမ်တွေအတွက်ပါ ထအောက်တဲ့အထိ ငွေကြေးလက်ခံပြီး နိုင်ငံရေးအသုံးချခံ လုပ်နေပြီဆိုတာကို ထင်ထင်ရှားရှား ပြသခဲ့ပါတယ်။ အဲဒီလို အနုပညာရှင်တွေရဲ့ လှုံ့ဆော်မှုပါလာတော့ အနုပညာရှင်တွေရဲ့ follower တွေ ပါလာကြတယ်။ ဆူပူအကြမ်းဖက် လုပ်ဖို့ အင်အားကောင်းလာတယ်။ နိုင်ငံရေးသမားတွေရဲ့ အကွက်ထဲ တဖြည်းဖြည်း ရောက်လာခဲ့တယ်။


အနုပညာရှင်တွေအနေနဲ့ နိုင်ငံရေးသမားတွေ ဘယ်လောက်အတိုင်းအတာအထိ ယုတ်မာရိုင်းစိုင်းမယ်ဆိုတာကိုတော့ သိထားပုံ မရပါဘူး။ ဆူပူဆန္ဒပြ လှုပ်ရှားမှုထဲမှာ မပါဝင်တဲ့သူတွေကို ရန်ပြုစော်ကားမှုတွေ လုပ်ဆောင်လာကြတယ်။ တစ်လလောက် ကြာတော့ အနုပညာရှင်တွေ အမှုဖွင့်ခံရပြီး လမ်းပေါ်က ပျောက်သွားပါတယ်။ သူတို့ရဲ့ follower တွေ လမ်းပေါ်မှာ ကျန်ခဲ့ပါပြီ။ တိုင်းတပါးက ပေးကမ်းထောက်ပံ့တဲ့ ငွေကြေးအထောက်အပံ့တွေနဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ပလန်ချထားတဲ့ နိုင်ငံရေးအယုတ္တမာကောင်တွေဟာ အနုပညာရှင်တွေထံ ဖြန့်ဝေထားတဲ့ ငွေကြေးတွေကို လိုက်တဲ့အခါ ကျော်သူနဲ့ ဇီးကွက်မ လင်မယား ရဲ့ အကောင့်ထဲမှာ သိန်းပေါင်း ၂သောင်းကျော်၊ နီနီခင်ဇော်ရဲ့ အကောင့်ထဲမှာ သိန်းပေါင်း ၆သောင်းကျော် စိစစ်တွေ့ရှိခဲ့ပါတယ်။ အခြားသော အနုပညာရှင်တွေထံမှာလည်း အလားတူ ဖြန့်ဝေထားတာတွေ ရှိပါတယ်။


တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပသြဇာခံ နိုင်ငံရေးသမားတွေ ယုတ်မာရိုင်းစိုင်းတဲ့ နိုင်ငံရေးထောင်ချောက်ထဲ အနုပညာရှင်တွေ ရောက်သွားပြီဆိုတာ သိသာထင်ရှားလာတဲ့အတွက် အမှုဖွင့် ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဟာလည်း သူတို့ကို ဆက်လက်ပြီး လှုံ့ဆော်မှုတွေ မလုပ်ဖို့ တွေ့ဆုံဆွေးနွေးပြောဆိုတာကို လက်မခံတဲ့အတွက်ကြောင့်သာ တရားစွဲဆိုခဲ့ရခြင်းပဲဖြစ်ပါတယ်။ အဆိုတော် ပိုပို ကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် မလှုံ့ဆော်ဖို့၊ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်တော့ တရားစွဲဆိုခြင်းခံရမှာဖြစ်တဲ့အကြောင်း ဆွေးနွေးပြောဆို ဖြောင်းဖျခဲ့ပေမယ့် ပိုပို က လုံးဝ လက်မခံလို့ တရားစွဲဆိုပြီး ဖမ်းဆီးလိုက်ရခြင်းဖြစ်တဲ့အကြောင်း သိခဲ့ရပါတယ်။


တချို့သော တက်သစ်စ ဆယ်လီလေးတွေကတော့ တွေ့ဆုံညှိနှိုင်းပြောဆိုမှုကို လက်ခံပြီး ပြည်ပသြဇာခံ နိုင်ငံရေးသမားတွေ ရေးသားဖြန့်ဝေနေတဲ့ စာတွေကို ကူးယူဖော်ပြ လှုံ့ဆော်မှုတွေ မလုပ်ကြတော့သလို ဆန္ဒပြမှုတွေ နောက်ကိုလည်း မလိုက်ကြတော့ပါဘူး။ 


နိုင်ငံရေးအစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုမှာ မှိုးမိသွားတဲ့ အစွန်းရောက် အနုပညာရှင်တချို့တော့ ရှိပါတယ်။ မင်းမော်ကွန်း၊ ကိုပေါက်၊ ဒေါင်း၊ Rဇာနည်၊ အနဂ္ဂ၊ သံသာဝင်း တို့လို အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်နဲ့ နီးစပ်တဲ့ သူတွေကတော့ အကြမ်းဖက်လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေကြဆဲပဲ ဖြစ်ပါတယ်။ ဟာသလူရွှင်တော်များထဲက စိန်သီး၊ ပန်းသီး တို့ရဲ့ တပည့် ဟားငါးကောင် အဖွဲ့ဟာလည်း အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ဖို့ KNU ထဲကို ရောက်ရှိသွားပါတယ်။


သူတို့တတွေဟာ သူတို့လို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ဆူပူအကြမ်းဖက်မှုတွေမှာ မပါဝင်တဲ့ ပြည်သူတွေကို ရန်ပြုစော်ကားသလို အနုပညာရှင်တွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် အနုပညာရှင်အသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ မင်းမော်ကွန်း၊ ကိုပေါက် တို့က လက်ထောက်ချပြီး PDF ကို ခိုင်းစေပြီး လုပ်ကြံသတ်ဖြတ်ခိုင်းမှာကို ကြောက်ရွံ့ရတဲ့အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။


တကယ်တော့ အနုပညာရှင်များအနေနဲ့ နိုင်ငံရေးဆူပူဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ကြတယ်ဆိုတာ နိုင်ငံရေးသမားများ အဆုံးစွန် ယုတ်မာရိုင်းစိုင်းကြလိမ့်မယ်ဆိုတာကို မသိတဲ့အတွက် ပါဝင်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ အခုတော့ နိုင်ငံရေးအစွန်းရောက် အာဏာရူးတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေက လက်ခံနိုင်ခြင်း မရှိတော့တဲ့အခြေအနေအထိ ရက်စက်ယုတ်မာ ရိုင်းစိုင်းလွန်းတာကို သူတို့ သိမြင်သွားကြပါပြီ။ သံဃာတော်၊ ဆရာ/ဆရာမ မချန် လုပ်ကြံသတ်ဖြတ်နေတဲ့ နိုင်ငံရေးသမားတွေထက် ယုတ်မာရိုင်းစိုင်းလွန်းသူ မြန်မာ့သမိုင်းမှာ မရှိခဲ့ပါဘူး။


NLD အစွန်းရောက်တွေ စပြီး လှုံ့ဆော်ကတည်းက မတုန်လှုပ်ခဲ့တဲ့ အနုပညာရှင်တွေ ရှိပါတယ်။ ဦးနေအောင် ကို စံထားပြီးတော့ ခန့်စည်သူ၊ စိုးမြတ်သူဇာ တို့လို အနုပညာရှင်တွေဟာ လုံးဝ မတုန်လှုပ်ခဲ့ပါဘူး။ ဦးနေအောင် ဆိုတာကတော့ အမျိုး ဘာသာ သာသနာဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့ အနုပညာရှင်ဖြစ်ကြောင်းကို အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းအတည်ပြုပြီး အမျိုးစောင့်ဥပဒေအောင်ပွဲ ကျင်းပစဉ်ကတည်းက သူရဲ့ ရပ်တည်ချက်ကို ပြသခဲ့သူ ဖြစ်ပါတယ်။ နီပိန်းတွေ အမျိုးစောင့်ဥပဒေကို ပြဿနာရှာနေချိန် ဖြစ်လို့ ဘယ်အနုပညာရှင်မှ အမျိုးသားရေးအတွက် မရပ်တည်ဝံ့ပါဘူး။ 


NLD အစိုးရလက်ထက်မှာ အခွင့်ထူးခံအဖြစ် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်စုဟာ NLD အာဏာလက်မဲ့ဖြစ်သွားချိန်မှာတော့ သွေးရူးသွေးတန်းဖြစ်ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်လာကြခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ အဆိုအရ NLD ထောက်ခံသူကိုသာ ပြည်သူလို့ သဘောထားပြီး ဝန်ထမ်းတွေ အခြေအနေမဲ့ဖြစ်အောင် CDM မှာ ပါဝင်ဖို့ လိုက်လံလှုံ့ဆော်ကြတယ်။ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ သည်းခံနိုင်မှုကို အတော်လေးစားခဲ့မိတယ်။ ရန်ကင်းမြို့နယ်၊ ဗဟိုဘဏ်ရှေ့မှာ ဆိုရင် အနုပညာရှင်များရဲ့ လှုံ့ဆော်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မဖွယ်မရာ သရော် လှောင်ပြောင်ပြီး ပြောဆိုနေကြလည်း စိတ်ရှည်သည်းခံပြီး ရပ်ကြည့်နေကြတာပါပဲ။


လွန်ကျူးလာသူတွေကို အမှုဖွင့်၊ တရားစွဲ၊ ဖမ်းဆီးမှုတွေ လုပ်ခဲ့ပေမယ့် အနုပညာရှင်များထဲက အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ခြင်း မရှိတဲ့သူ အားလုံးကို နစက အစိုးရကြီးက စေတနာရှေ့ထားပြီး တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ပေးဖို့ လွှတ်ပေးခဲ့ပါတယ်။ အမှုတွေ ရုပ်သိမ်းပေးခဲ့ပါတယ်။ သို့သော် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ မှိုင်းဝနေတဲ့ အနုပညာရှင်တွေကတော့ စေတနာကို နားမလည်သလို ပြည်သူတစ်ရပ်လုံးအပေါ် တပြေးညီစိတ်ထားမျိုး မရှိကြပါဘူး။ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်လာသူ အင်မတန်နည်းပါတယ်။ မူလကတည်းက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေကို မတုန်မလှုပ် ပြည်သူတစ်ရပ်လုံးအပေါ်မှာ တပြေးညီစိတ်ထားမျိုးနဲ့ အနုပညာသည် ပြည်သူ့အတွက် လို့ ခံယူချက်ရှိတဲ့ အနုပညာသမားများက ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းစေရေး သူတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။


အနုပညာရှင်တွေအနေနဲ့ မသိခဲ့တာကတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ နိုင်ငံရေးနွားတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ အကြံဆိုးတွေကို မသိခဲ့ခြင်းကြောင့် အခုလို ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေမှာ ပါဝင်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ပ သြဇာခံ နိုင်ငံရေးနွားတွေဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ လူငယ် လူရွယ်တွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး သံဃာတော်တွေကိုလည်းသတ်၊ ဆရာ/ဆရာ တွေကိုလည်းသတ်၊ ငါနဲ့မတူ ငါ့ရန်သူ တခြားပါတီအဖွဲ့အစည်းက လူတွေကိုလည်းသတ်တဲ့ ရက်စက်ယုတ်မာမှုကြီးတွေကို ကျူးလွန်ကြလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့လည်း ကြိုတင်တွက်ဆမထားသလို အနုပညာရှင်တွေအနေနဲ့လည်း သိထားလိမ့်မယ် မဟုတ်ပါဘူး။


အနုပညာရှင်တွေမှာ နူးညံ့တဲ့စိတ်နှလုံးသား ရှိတာတော့ အမှန်ပါ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲကို ရှေ့တန်းတင်ပြီး အတွေးတိမ်တဲ့အတွက် ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ နိုင်ငံရေးနွားတွေရဲ့ အသုံးချခံ ဘဝမျိုးနဲ့ ပြည်သူအချင်းချင်း ရက်စက်ယုတ်မာမှုတွေ ကျူးလွန်မယ့် လှုံ့ဆော်မှုမျိုးတွေကို မိုက်မိုက်မဲမဲ ပါဝင်လှုံ့ဆော်မိခဲ့ကြတယ်။ စာရေးသူအနေနဲ့တော့ အဲဒီလို နိုင်ငံရေးနွားတွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်များအနေနဲ့ တာဝန်မဲ့ မနေကြဘဲ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်ကြဖို့ ဝိုင်းဝန်းမေတ္တာရပ်ခံပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်ရဲ့ ရှေ့ခရီးကို ဆက်နိုင်ဖို့ အကြမ်းဖက်လှုပ်ရှားမှုကို အရှိန်မြှင့်တင် နှိမ်နင်းလာတဲ့ အခြေအနေကို တွက်ဆမယ်ဆိုရင် ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ နိုင်ငံရေးနွားတွေရဲ့ မှိုင်းမိနေတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ ဘဝဟာလည်း နိဂုံးလှလိမ့်မယ် မဟုတ်ပါဘူး။


မိုက်မဲစွာ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုမှာ ပါဝင်ခဲ့စဉ်ကလည်း အစွန်းရောက်စိတ်ဓာတ်နဲ့ ပါဝင်ခဲ့ကြပြီးပါပြီ။ တိုင်းဖျက် ပြည်ဖျက် လုပ်ရပ်တွေကို ဘယ်သူတွေက လုပ်ဆောင်နေသလဲဆိုတာလည်း အထင်အရှား သိမြင်ရပြီဖြစ်ပါတယ်။ follower အများအပြားရှိနေတဲ့ အနုပညာရှင်များရဲ့ Post တစ်ခု၊ Status တစ်ကြောင်းက ပြည်သူများကို အများကြီး လွှမ်းမိုးမှု ရှိပါတယ်။ တိုင်းပြည်တည်ဆောက်ရေး လုပ်ဆောင်နေတဲ့ နိုင်ငံတော်အစိုးရအနေနဲ့လည်း မေတ္တာရှေ့ထားပြီး အနုပညာရှင်များကို အထူးအခွင့်အရေးပေးခဲ့ပြီးဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့၊ ဒီမိုကရေစီစံနှုန်းတွေကို လေးစားပြီး မတူကွဲပြားတဲ့ ရပ်တည်ချက်ကို လေးစားကြဖို့၊ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်ကြဖို့ အစွန်းရောက် အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်နေတဲ့ လူငယ်တွေကို ပြန်လည်ဖြောင်းဖျ ပြောဆိုပေးကြဖို့ အထူးပဲ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။


အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုများကြောင့် အနုပညာရှင်များအနေနဲ့လည်း အနုပညာလုပ်ငန်းတွေကို မလုပ်နိုင်ကြဘဲ အခက်တွေ့ခဲ့ရတဲ့အခြေအနေ ရှိပါတယ်။ အနုပညာရှင် အလွှာစုံကို နစက အနေနဲ့လည်း ကူညီပံ့ပိုးမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့သလို အလုပ် လက်မဲ့ အခက်အခဲဖြစ်နေတဲ့ အနုပညာရှင်များအတွက်လည်း ဝင်ငွေရ၊ မွန်းကြပ်နေတဲ့ ပြည်သူများကိုလည်း ဖျော်ဖြေရာ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲကြီးမှာ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်စုံက ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော အနုပညာရှင်များအားလုံးကို တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူတစ်ဦးအနေနဲ့ အထူးပင် ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)