MNP ၊ နိုဝင်ဘာ ၁၇
တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် အမျိုးသားအောင်ပွဲနေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာမှ ဆရာတော် ဦးပညာ ဦးဆောင်ကျင်းပသည့် ကထိန်အောင်ပွဲနှင့် အမျိုးသားရေးဦးဆောင်ဆရာတော် အရှင်ဝိစိတ္တာဘိဝံသ သိက္ခာထပ်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခင်မောင်ဆွေ တက်ရောက်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ အမျိုးသားရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။
အမျိုးသားရေးဦးဆောင်ဆရာတော် အရှင်ဝိစိတ္တာဘိဝံသ သိက္ခာထပ်ပွဲ အခမ်းအနားသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရမည်းသင်း၊ တောင်ငူ၊ သာယာဝတီတို့မှ အမျိုးသားရေးဆရာတော်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ကြပြီး ဆရာတော်အား လှူဖွယ်ဝတ္ထုများ လာရောက်ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ခေတ္တဥက္ကဋ္ဌ ဦးလှဆွေနှင့် ဇနီး တက်ရောက်၍ ဆရာတော်နှင့် တွေ့ဆုံကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ရွှေပြည်တော်ဆုံမှတ် ပရဟိတအဖွဲ့မှလည်း သင်္ကန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများ လာရောက်ဆပ်ကပ်လှူဒါန်းသွားကြသည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးတွင် ကျင်းပသော အမျိုးသားနေ့ အောင်ပွဲ ကထိန်အောင်ပွဲနှင့် အမျိုးသားရေးဦးဆောင်ဆရာတော် သိက္ခာထပ်ပွဲ အခမ်းအနားတွင် စတားကောင်းထက် ဦးဆောင်သော ဟားစတိုင်လ် အဖွဲ့က (၂)ည တိုင်တိုင် ကပြဖျာ်ဖြေတင်ဆက်ခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment