MNP ၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌(၁၀၂)နှစ်မြောက်အမျိုး သားအောင်ပွဲနေ့အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ( ၉)နာရီအချိန်ကဘူးသီးတောင်မြို့အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာအားဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျန်အေးကဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၂ခုနှစ်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပိုစတာပြိုင်ပွဲတွင် ဆုရရှိသူသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်နှင့်ဌာနဆိုင်ရာအကြီးအကဲများကဆုများ အသီးသီးချီမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက(အဆိုပါအခမ်း အနားသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီးအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများ စုစုပေါင်( ၁၆၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
လှကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment