MNP - နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ငွေရတုသဘင်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နေ့ ၁ နာရီအချိန်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် သံဃာနာယကဆရာတော်မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် ဥူးသီလာစာရက သြဝါဒကထာ ချီးမြှင့်ပြီး ဖောင်တော်ဦးကျောင်းဆရာတော်က ပညာရေးနှင့် ပတ်သက်သော အမှာစကားပြောကြားပေးခဲ့သည်။
ထို့နောက် ကျောင်းသားမိဘများကိုယ်စား ကျောင်ကော်မတီဝင် ဦးတင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သူငယ်တန်းမှ သတ္တမတန်းအထိ ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိ ကျောင်းသား/သူ များ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ပထမ၊ ဒုတိယနှင့် တ တိယဆုရရှိသူများနှင့် အဆိုပါကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၅ နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ် ပညာရည်ချွန် ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်တွင် ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအတွက် လိုအပ်သော ကိစ္စရပ်များကို ပွင့်ဖြိုးသာအကျိုးတော်ဆောင်ကုမ္ပဏီက ဝိုင်းဝန်းကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုးသီဟ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment