(၂၇) ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၇) ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ  ၂၁


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ (၂၇) ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုချီးမြှင်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မည်းသင်းမြို့ ရန်အောင်မြင်သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသည့် ဆရာတော် အရှင်သူမြတ်များ၊ စာအောင်သံဃာတော်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ နိုင်ငံတော်ဩဝါဒစရိယ ရမည်းသင်းမြို့ နဘူကျင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး စာအောင်သံဃာတော်များကို အောင်လက် မှတ်နှင့် ဂုဏ်ပြုဆုငွေများ ဆက်ကပ်လှူဒါန်းကြသည်။


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ဩဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူး ကျင်းပသော၂၀၂၂ ခုနှစ်၊ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲတွင် ပထမကြီးတန်း (၆) ပါး၊ ပထမလတ်တန်း (၆) ပါး၊ ပထမငယ်တန်း (၂၁) ပါး၊ အခြေပြုမူလတန်း (၃၀) ပါး၊ တတိယဆင့် (၃၃) ပါး၊ ဒုတိယဆင့်(၄၃)ပါးနှင့် ပထမဆင့်(၇၅)ပါး၊ စုစုပေါင်း (၂၁၄) ပါး အောင်မြင့်ခဲပြီး စာအောင်သံဃာတော်များကို စာအောင်လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ချီးမြှင့်ဆက်ကပ်လှူဒါန်းပြီး တိုင်းသံဃာဝန်ဆောင်၊ ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဩဝါဒစရိယဆရာတော်ကြီး ဦးနန္ဒောဘာသထံမှ ရေစက်ချ တရားတော်နာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပိတ်သိမ်းခဲ့သည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)