MNP ၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများ၏ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ အုပ်ကြီးများအား သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မာလာစေရေးအတွက် အခြေခံပညာကျောင်း အုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှာကြားခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာအချက်များ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းလမ်းညွှန် ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲများတွင် မိမိတို့မြို့နယ် အတွင်း အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်စေရေး၊ မိမိတို့ကျောင်းများ၌ ကျောင်းတွင်း၊ ကျောင်း ပြင် သန့်ရှင်းစေရေး၊ ဆရာ၊ဆရာမများ၏ စာသင်ကြားမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာရေးတိုးတက်ရေးကို အစဉ်မပြတ်လေ့လာကြည့်ရှုရေး စသဖြင့် ဆွေးနွေးမှာ ကြားခဲ့သည်။
အဆိုပါ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူး၊ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီး(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး ၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment