MNP ၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိုက်ပျိုးရေး ဦးစီးဌာန ၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က မြို့ဦးရပ်ကွက် ၊ ဇူလကျေး ရွာတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မောင်တောမြို့နယ်၊ မြို့ဦးရပ်ကွက် ၊ဇူလကျေးရွာ ၊ကွင်းအမှတ်(၁၀၁/ဃ) အခေါင်းပေါက် အရှေ့ကွင်း မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ဆောင် ရွက်ရာတွင် တောင်သူ ဂေါ်ရီနာ၏ ဦးပိုင်အမှတ်(၄၅၆) စိုက်ပျိုးဧက (၁ ဒသမ ၅၀)ဧက တွင် ဆင်းသွယ်လတ် စပါးမျိုး (၀ ဒသမ ၁၀) ဧက မိုးစပါးစံပြကွက်ကို (ရိတ်သိမ်းခြွေလှေ့စက်)ဖြင့် ရိတ်သိမ်းရာ အစိုအထွက်တင်း(၉၅ ဒသမ ၅၆)တင်း နှင့် အ ခြောက်အထွက်တင်း (၈၆ ဒသမ ၀၀)တင်းထွက်ရှိကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် ၊မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးခိုင်ထွန်းမောင် နှင့် ဝန်ထမ်းများ ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ နှင့် ဒေသခံ တောင်သူ (၆၀) ဦး ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment