အမ်းမြို့နယ်၌လိုင်စင်မဲ့ဆိုင်ကယ်များအားယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့်သက်တမ်းတိုးဆောင်ရွက် နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌လိုင်စင်မဲ့ဆိုင်ကယ်များအားယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့်သက်တမ်းတိုးဆောင်ရွက် နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ





MNP - နိုဝင်ဘာ  ၂၂


 ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS)ဖြင့်မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်မှူးရုံးခန်း၌ ကျင်းပခဲ့သည်။


  အခမ်းအနား တွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော် ထက်က One Stop Service (OSS)ဖြင့်ရခိုင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေး မှူးဦးစီးဌာနမှ ဦးဆောင်၍ နိုဝင်ဘာ ၂၉ ရက်နေ့နံနက် ၉ နာရီအချိန်မှ ညနေ ၅ နာရီအချိန်ထိ ရက်သတ္တ.နှစ်ပတ်ထိ အမှတ်(၃)ဈေးရပ်ကွက်ရွှေအမ်းတောင်ခန်းမ၌ မှတ်ပုံတင်မဲ့မော်တော် ဆိုင်ကယ်များအား မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့်သက်တမ်းပြတ်(၅)နှစ်အောက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအားသက် တမ်းတိုးဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရှင်လင်းပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက ဌာနအလိုက်ဆောင်ရွက်မည့် အစီအမံ များအားဆွေးနွေးခဲ့သည်။


အဆိုပါမှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညနမှ မှတ် ပုံတင် ဆောင်ရွက်ခ(၃၁၉၀၀)ကျပ်၊မြန်မာ့အာမခံလုပ်ငန်းအာမခံကြေး(၄၁၅၀)ကျပ် မြို့နယ် စည်ပင်သာယာမှ ဘီးခွန်ကြေး(၃၀၀၀)ကျပ် ဘဏ် ငွေသွင်းချလန်ကြေး(၅၀၀)ကျပ်နှင့် နိုင်ငံ ထုတ်မော်ဒယ် အမျိုးအစားအလိုက်ပေးသွင်းရမည့်ဒဏ်ကြေးများလည်း အခွန်ပေးသွင်းသွားရ မည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)