ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022 ) သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022 ) သို့တက်ရောက်







MNP ၊ နိုဝင်ဘာ   ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝင်ကြီးဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ  နိုဝင်ဘာ ၂၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022 ) ဖွင့်ပွဲသို့တက်ရောက်ကြသည်။


အဆိုပါ Forum သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ  Nuclear ဆိုင်ရာကျွမ်းကျင် ပညာရှင်များ၊ အစိုးရအဖွဲ့များ၊  အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် စီးပွားရေး လုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။


ဦးစွာ  Rosatom ၏ အကြီးအကဲ ဖြစ်သူ ဥက္ကဌ Alexey Likhachev (အလက်ဆီလီကာချော့ )က  Forum ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်များ နှင့်ပါတ်သက်၍ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနား ကိုဖွင့်လှစ်ပေးသည်။


 ထိုနောက်  တက်ရောက်လာကြသူများက (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022 )တွင်ခင်းကျင်းပြသထားသည့် နျူကလီးယားစက်မှုလုပ်ငန်း၏ ခေတ်မီပြခန်းများ နှင့် ပုံစံငယ်များအား လိုက်လံကြည့်ရှုလေ့လာကြ၍ သိရှိလိုသည် များအား မေးမြန်းဆွေးနွေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် Sirius Park of Science and Art ရှိ Atom ခန်းမတွင် ပြုလုပ်သည့်   မျက်နှာစုံညီအစည်းအဝေး( Plenary Session ) တွင် “Nuclear Spring: creating sustainable future”  ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုအား တက်ရောက်လေ့လာကြသည်။ အ‌ဆိုပါ အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ပေးပို့သည့် မိန့်ခွန်းအား Rosatom ၏ အကြီးအကဲ ဖြစ်သူ ဉက္ကဌ  Alexey Likhachev (အလက်ဆီလီကာချော့)က (ကိုယ်စား)ပြောကြားသည်။ ယင်းနောက် တက်ရောက် လာကြသည့် တာဝန်ရှိသူများက   Nuclear Energy  မှ နိုင်ငံတကာ၏ စွမ်းအင် အကျပ်အတည်းကိုဖြေရှင်းနိုင်မှု၊ သဘာဝပါတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှု မရှိဘဲ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုတို့အား အလှည့်ကြဆွေးနွေး ကြသည်။


ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  Rosatom ၏ အကြီးအကဲ ဖြစ်သူ ဉက္ကဌ အလက်ဆီလီကာချော့ နှင့် သီးခြားတွေ့ဆုံ၍ အသေးစားရေ အားလျှပ်စစ်၊ လေအား၊ Nuclear Power Plant (SMR) နှင့် လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး Non Disclosure Agreement အား လက်မှတ်ရေးထိုးခဲ့ကြသည်။


ATOMEXPO FORUM မှာ ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်ကာ Nuclear အဖွဲ့အစည်းများဖြစ်သော IAEA နှင့် ဥရောပ၊ လက်တင်အမေရိက၊ အာရှနှင့် အာဖရိက နိုင်ငံအသီးသီးမှ အလေးထားတက်ရောက်သော Forum တစ်ခုဖြစ်သည်။ Nuclear Power မှ ကာဗွန်ဒိုင်အောင်ဆိုဒ် လျှော့ချရေးနှင့် Green Energy သို့ အသွင်ကူပြောင်းရေး ရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခု  Forum တွင်  ဘီလာရုစ်၊ ဇင်ဘာဘွေ၊  ဘူရန်ဒီ၊ မြန်မာ၊ ဥဇဘက်ကစ္စတန် စသည့်နိုင်ငံများနှင့် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် Program ပေါင်း ၄၀ ကျော်၊  တက်ရောက်သူပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)