ချမ်းမြသာစည်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လမ်းဘေးရေမြောင်းများ ရေစီရေလာကောင်းမွန်ရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လမ်းဘေးရေမြောင်းများ ရေစီရေလာကောင်းမွန်ရေး ဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၂၂


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ စစ်ကိုင်း လမ်းခွဲ‌ဒေါင့်မှ ရတနာပူရပြတိုက်နှင့် မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ်အထိ မြောင်းအတွင်းနွံစာများဆယ်ယူပြီး မန္တလေးမြို့တော်သာယာလှပ‌စေရန်ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ သန့်ရှင်းရေးလုပ်ဆောင်ချက်များကို  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေစီးရေလာကောင်းမွန်စေရန်ဆောင် ရွက်ပြီး သန့်ရှင်းရေးဌာနနှင့် လမ်းတံတားဌာနတို့ပူး‌ ပေါင်းကာ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ စစ်ကိုင်းလမ်းခွဲ‌ဒေါင့်မှ ရတနာပူရပြတိုက်နှင့် မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ်အထိ မြောင်းအတွင်းနွံစာများဆယ်ယူရှင်းလင်းပေးပြီး အများပြည်သူစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရန် နွံစာများ၊အမှိုက်များ၊ ပိတ်ဆို့နေသည့် ပလပ်စတစ်၊ ချုံနွယ်သစ်ပင်များအညစ်အ‌ကြေးများအား မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အလှည့်ကျ လမ်းဘေးမြောင်းများကို သန့်ရှင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)