ပေါင်မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ



MNP ၊  နိုဝင်ဘာ   ၂၅

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို နိုဝင်ဘာ၂၄ ရက်နေ့နံနက်၉နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ case manager ဒေါ်ဖြူစင်ဖွေး က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်၍ ရည်ရွယ်ချက်၊ (၁)အသက်ရှင်သန်ခွင့် (၂)ဖွံ့ဖြိုးတိုးတက်ခွင့် (၃)ကာကွယ်စောင့်ရှောက်ခွင့် ( ၄)ပါဝင်ဆောင်ရွက်ခွင့်၊ အားသားချက်/ အားနည်းချက် စသည့်အကြောင်းအရာများကို Power   Point ဖြင့်အကျယ် တစ်ဝန်းရှင်းလင်းပြသခဲ့ပါသည်။


ဆက်လက်၍ သထုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက  ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထပ်မံရှင်းလင်းပြီး မိမိသိရှိလိုသည့် မေးခွန်းအကြောင်းအရာဖြစ်စဉ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။


အဆိုပါအစည်းအဝေးခန်းမသို့ မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ NGO အဖွဲ့အစည်းများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)