မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ဝါးခမောက်များ အရောင်းသွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ဝါးခမောက်များ အရောင်းသွက်

 



MNP - နိုဝင်ဘာ  ၁၂


မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ဝါးခမောက်များကို မိရိုးဖလာ လက်မှုလုပ်ငန်းအဖြစ် အိမ်တွင်းတစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ကြောင်း သိရသည်။


ဝါးခမောက်များအား ပြုလုပ်ရာတွင် ကုန်ကြမ်းများအားလုံးကို ဝါးပင်မှရရှိကာ ဝါးပိုးဖက်ဝါးကပ်ကိုအသုံးပြုပြီး ခမောက်ပြုလုပ်ရကြောင်း၊ ဝါးများကိုခုတ်ခွေပြီး အနည်းဆုံး  တစ်လအကြာ(သို့မဟုတ်)ခြောက်လအထိ  ရေစိမ်ထားရကြောင်း၊  ရေစိမ်ထားသည့် ဝါးခွေများကို အသားကျအောင်နေလှန်းခြင်း၊ ခမောက်ပုံဖော်ရန် ဝါးခွေများကို အချောသတ်ခြင်း၊ ဝါးကပ်များအား အရွယ်အစားအလိုက် အသေး၊ အလတ်၊ အကြီး လှီးဖြတ်ပြီးပြုလုပ်ရကာ ကုန်ကြမ်းများကို တစ်နှစ်ပတ်လုံးစာ စုဆောင်းထားရကြောင်း နိုင်လှုံကျေးရွာနေ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။


ဝါးခမောက်များကို  မိုးတွင်းကာလ၌  အများဆုံး ကောက်စိုက်သမား ခမောက်အမျိုး အစားကို အဓိကလုပ်ကိုင်ပြီး အခြားဝါးခမောက် ပုံစံအမျိုးမျိုးကို ဆယ့်နှစ်ရာသီပတ် လုံးပြုလုပ်ကာ ဒေသပေါက်ဈေး  ခမောက်တစ်လုံးလျှင်  အရွယ်အစားအလိုက် ၇၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချရသည်။ ယခုစပါးရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် မြို့နယ်အပြင် အခြားမြို့နယ်များမှ ဝါးခမောက်များကို မှာယူဝယ်ယူသူ များပြား၍  အရောင်းသွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)