ကန့်ဘလူမြို့နယ်၊ အထက(မလယ်)မှ မူလတန်းပြဆရာမ ဒေါ်မိုးမိုးစံ အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ အထက(မလယ်)မှ မူလတန်းပြဆရာမ ဒေါ်မိုးမိုးစံ အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့


MNP ၊ နိုဝင်ဘာလ ၁၂

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် ညနေ ၄ နာရီတွင် မန္တလေးမြို့မှ တကောင်းမြို့သို့ ထွက်ခွာလာသည့် ယာဉ်မောင်း ဦးမောင်မောင် မောင်းနှင်ပြီး ခရီးသည် ကျား ၁ ဦး၊ မ ၄ ဦး လိုက်ပါလာသည့် ရတနာပုံယာဉ်လိုင်းမှ မော်တော်ယာဉ်အမှတ်၊ 7J/8833 Hiace ယာဉ်အား သပိတ်ကျင်းမြို့နယ်၊ စံပ္ပါယ်နဂိုလ်ကျေးရွာအနီးသို့ အရောက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၆ ဦးမှ ယာဉ်အား တားဆီးခဲ့ပြီး ယာဉ်မောင်းအား သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်၍ ယာဉ်အားဆက်လက် မောင်းနှင်စေခဲ့ကြောင်း၊ အဆိုပါယာဉ်သည် သပိတ်ကျင်းမြို့နယ်၊ ပေသောင်ကျေးရွာအနီးသို့ အရောက်တွင် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တစ်ဦးချင်းစီ၏ အမည်များအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ စစ်ဆေးမေးမြန်းခဲ့ပြီး ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်မိုးမိုးစံ၊ ၄၁ နှစ်အား ခေါ်ထုတ်၍ ၎င်းယာဉ်အနီး၌ပင် လည်ပင်းအား ဓားဖြင့်ခုတ်၍ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။


PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် ၎င်းတို့နှင့် အမြင်တူညီခြင်း မရှိသည့် ပြည်သူလူထု၊ သံဃာတော်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ပစ်မှတ်ထားကာ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများအား သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ နိုင်ပါကြောင်း  သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)