သံတွဲမြို့၌ အလုပ်သမားဥပဒေ အသိပညာပေး‌ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ အလုပ်သမားဥပဒေ အသိပညာပေး‌ဟောပြောပွဲကျင်းပ


MNP ၊  နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် ၊သံတွဲမြို့၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးရုံးတို့ပူးပေါင်း၍ အလုပ်ရုံ၊အလုပ်သမားဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲကို ယနေ့နေ့လယ် ၁၂ နာရီက ငပလီမြို့ Pristine Mermaid Resort ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြစန္ဒာဝင်း က အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပ‌ဒေများ၊ အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ်ပါအချက်များအားရှင်းလင်းဆွေးနွေးခြင်းနှင့် ၊အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကောင်းမြတ်အောင်က အလုပ်ရုံအလုပ်သမား ဥပဒေဆိုင်ရာသိကောင်းစရာများနှင့်  မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဦးအောင်လင်းစိုးက လူမှုဖူလုံရေးအကျိုးခံစားခွင့်တို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက်ဝန်ထမ်းများ၏ပြန်လည်မေးမြန်းချက်များကိုတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး Pristine Group Co.Ltd မှCoporate HR Manager ဦးရဲညီညီ က ကျေးးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ဝန်ထမ်းများနှင့်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)