သထုံမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၂/၂၀၂၂) ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၂/၂၀၂၂) ဆင်းပွဲကျင်းပ








သထုံ     နိုဝင်ဘာ      ၂၅

မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက် (၈)နာရီအချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ယခုသင်တန်းသည် ဘေးအန္တရာယ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တုံ့ပြန်ရင်ဆိုင်ကြမည့် မိတ်ဖက်အဖွဲ့အစည်းများ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူတို့ကို နိုင်ငံတကာတွင်အသုံးပြုနေသည့် ခေတ်မီ အခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်နိုင်ရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်းမှ သင်ယူတတ်မြောက်ခဲ့သည့်ပညာရပ်များဖြင့် မိမိ‌တို့ဒေသ၌ ပြည်သူလူထုအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကူညီကယ်ဆယ်ပြီး ပြည်သူလူထုအားကိုးယုံကြည်ရသူများဖြစ်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းသားများကိုယ်စားသင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများက သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ အခြေခံကြိုးချည်နည်းများ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်းများ၊ အသက်ရှူကိရိယာအသုံးပြုခြင်းနှင့် အမှောင်ထုအတွင်းလှုပ်ရှားသွားလာခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ရေး၊ တောင်ပေါ်အသက်ကယ်ဆယ်ရေး၊ အဆောက်အဦပြိုကျမှုရှာဖွေကယ်ဆယ်ရေး၊ ယာဉ်မတော်တဆမှုများ အခြေခံအသက်ကယ်နည်းစနစ်နှင့် လူနာသယ်ဆောင်နည်း စသည့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သင်ခန်းစာများကို (၁၀) ရက်ကြာ စာတွေ့လက်တွေ့ ပို့ချပေးခဲ့ပြီး သထုံခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအသင်များမှ သင်တန်းသား စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)