MNP ၊ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရ တုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်အုပ်ချုပ်ရေးမှူးဖလား U 21 အောက် ဘောလုံးပြိုင်ပွဲ ကျင်းပနှိင်ရေး လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ မြို့မိ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များတက် ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဌ ဦးအောင်ဇော်ထက် က (၇၅)နှစ် မြောက် စိန်ရတု လွတ် လပ်ရေးနေ့ အထိမ်း အမှတ် ခရိုင်အုပ်ချုပ်ရေးမှူးဖလား U 21 အောက်ဘောလုံးပြိုငိပွဲကိုစည်ကားသိုက် မြိုက်စွာကျင်းပနှိင်ရေး လုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က (၇၅) နှစ်မြောက် စိန်ရ တု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲ စည် ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ စီပွားရေးလုပ် ငန်းရှင်များက အကြံ ပြုဆွေးနွေးခဲ့ကြသည်။
(၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲတွင် အမ်းမြို့နယ်ရှိ ရပ် ကွက်ကျေးရွာများမှ ဘောလုံးပြိုင်ပွဲဝင် (၁၁)သင်း စာရင်းပေးသွင်းထားပြီး ဘော လုံးပြိုင်ပွဲတွင် ပထမဆု(၁၀)သိန်းကျပ်၊ ဒုတိယဆု(၇)သိန်းကျပ်၊ တတိယဆု(၅) သိန်းကျပ်နှင့် အကောင်းဆုံး အားကစားဆု တစ်ဆုလျင် (၅)သောင်းကျပ်နှုန်းဖြင့် ဆုများကိုချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment