မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယ‎နေ့နံနက် ၉နာရီအချိန် က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ မြောက်ချောကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဒေသကိုယ်စားပြု ဦးဝင်းစိုးမှ စစ်ကြောင်းကြီး (၅) ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီး အုပ်ချုပ်ရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည် က အဖွင့်အမှာစကားပြောကြားပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ ကာကွယ်ရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော် က ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ တရားဥပေဒစိုးမိုးရေးစစ်ကြောင်းမှ ရဲမှူးမြင့်အောင် က တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်းနှင့် စစ်ကြောင်း ၅ ကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာများမှ အသီးသီးဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် မူဝါဒ ၉ ချက်အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းစိုးမှ ဆွေးနွေးကာ တက်ရောက် လာသော အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားအလုပ်သမားများ၊ အမျိုးသမီးလူငယ်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးအပါအဝင် သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှမိမိတို့တင်ပြသည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်မှ နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရသည်။


ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။


သတင်း - ကောင်းမြတ်သူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)