စဉ့်ကူး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ မြို့နယ်အဆင့် ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါစွမ်းရည်ပြိုင်ပွဲကျင်းပရာသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး တို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် ၏ စီစဉ်ကြီးကြပ်မှုဖြင့် အထက (စဉ့်ကူး) တွင် ကျင်းပလျက်ရှိပြီး စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ လာရောက် ယှဉ်ပြိုင်ကြရာ မြို့နယ်အဆင့်ရေးဖြေ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၇၆)ဦး၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၇၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရေးဖြေပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ရွေးချယ်ခံသည့် ကျောင်းသား၊ ကျောင်းသူများအား လူတွေ့စစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို ဆက်လက်စိစစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်
No comments:
Post a Comment