မရမ်းကုန်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းအမှတ်စဉ် (၅/၆) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းအမှတ်စဉ် (၅/၆) ဖွင့်လှစ်




MNP - နိုဝင်ဘာ  ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကြက်ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးသူနာပြု အခြေခံသင်တန်းအမှတ်စဉ် (၅/၆)ကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျေားင်းနှင့် အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုနည်းအခြေခံသဘော တရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ မူးဝေသတိလစ်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးခြင်းအဆစ်လွဲခြင်း၊ အခြေခံ အသက်ကယ် အထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ အစရှိသည့် အကြောင်းအရာများကို တာဝန်ရှိသူများက သင်ကြားပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)