ပြည်မြို့တွင် ဌာနဆိုင်ရာများနှင့် အရပ်ဘက်ပရဟိတလူမှုအဖွဲ့အစည်းများပူးပေါင်း၍ “ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရန်အတွက် Table Top Exercise စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့တွင် ဌာနဆိုင်ရာများနှင့် အရပ်ဘက်ပရဟိတလူမှုအဖွဲ့အစည်းများပူးပေါင်း၍ “ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရန်အတွက် Table Top Exercise စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်

 



MNP - နိုဝင်ဘာ ၂၄


ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်ပရဟိတလူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဒေသတွင်းရေကြီးရေလျှံမှုဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် “ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရန် Table Top Exercise စားပွဲဝိုင်းဆွေးနွေးပွဲ “ပြုလုပ်ခြင်းကို ယမန်နေ့က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ကျင်းပရာ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်မြို့ရှိ အရပ်ဘက်ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများ တက်ရောက်သည်။


ရှေးဦးစွာ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲထွန်လင်းက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက စားပွဲဝိုင်းဆွေးနွေးပွဲဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းက လုပ်ငန်းဆိုင်ရာလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။


ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့များက “ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ လုံခြုံရေး၊ ပြန်လည်ထူထောင်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပျက်စီးဆုံးရှုံးမှုနှင့်လိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပြန်လည်ထူထောင်ရေး”  အစရှိသည့် ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းကာ ရေကြီးရေလျှံမှုမဖြစ်ပွားမီကာလ၊ ဖြစ်ပွားနေချိန်ကာလနှင့် ဖြစ်ပွားပြီးကာလတို့အတွက် ကဏ္ဍအလိုက်ဆောင်ရွက်မည့်အစီအမံများကို အကြံပြုရေးသားဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြ သည်။


အဆိုပါ ပူးပေါင်းကော်မတီအဖွဲ့များ၏ ကဏ္ဍအလိုက်ဆောင်ရွက်မည့်အစီအမံများဖြင့် ယခု နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြည်မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ နဝင်းနယ်မြေ၊ နဝင်းရပ်ကွက်၊ အနိမ့်ပိုင်းရပ်ကွက် ရွှေပလ္လင်မှော်အောက်ချိုင့်၌ ရပ်ကွက်နေပြည်သူများနှင့်အတူ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်ခရိုင်တွင် ပြည်၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ရှိ အနိမ့်ပိုင်းရပ်ကွက်/ ကျေးရွာများတွင် နှစ်စဉ်မိုးတွင်းကာလနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရုတ်တရက်မိုးသက်လေပြင်းကျရောက်မှုတို့ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိပြီး ယင်းဘေးအန္တရာယ်လျော့ပါးသက်သာစေရေးအတွက် ယခုလိုကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)