ရေတွင်းချိုင့်ကျေးရွာ၌ အလှူရှင်များနှင့် ကျေးရွာသူ/သားများစုပေါင်း၍ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတွင်းချိုင့်ကျေးရွာ၌ အလှူရှင်များနှင့် ကျေးရွာသူ/သားများစုပေါင်း၍ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

 


MNP - နိုဝင်ဘာ ၂၇


မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ချောက်မြို့နယ် သွေးနက်ကျေးရွာအုပ်စု၊ရေတွင်းချိုင့်ကျေးရွာတွင် အလှူရှင်များနှင့်ကျေးရွာသူ/သားများ စုပေါင်း၍ ရွာဦးဘုန်းတော်ကြီးကျောင်းအဆင်းမှ ရွာထိပ်အဝင်လမ်းအထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကိုယ်အားကိုယ်ကိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အဆိုကျေးရွာသည် မိုးတွင်းကာလရောက်သည်နှင့် ချောင်းချောက်များဖြစ်ပေါ်ခြင်း၊ရွံနွံများဖြင့် သွားလာရေးခက်ခဲလျက်ရှိရာ သွားလာရေးအဆင်ပြေစေရန်အတွက် ရေတွင်းချိုင့်ဘုန်းကြီးကျောင်း ဆရာတော်ဦးဇောတိက ဦးဆောင်၍  ဘိလပ်မြေအိတ်မတည် အလှူရှင်များ၊ သဲ၊ ကျောက်အလှူရှင်များနှင့် ကျေးရွာသူ/သားများ၏ လုပ်အားဖြင့် ကိုယ်အားကိုယ်ကိုးစုပေါင်း၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို နိုဝင် ဘာ ၉ ရက်နေ့က စတင်ကာ အလှူ ရှင်များ၏ လှူဒါန်းမှု အပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အဆိုပါ ရွာအဝင်လမ်းမှာ အရှည်၃၆၀ပေရှိပြီး လမ်းအား အကျယ်၁၀ပေ၊ ထု၆လက်မရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လမ်း အရှည်၁၂၀ပေအားကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီကြောင်း သိရသည်။ ကျန်ရှိနေသောလမ်းအရှည်အတွက် ဘိလပ်မြေအိတ်များ လိုအပ်လျက်ရှိသည့်အတွက် အလှူရှင်များ လှူဒါန်းမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာမှ  ဦးဆောင်ဆောင်ရွက်နေသူ ဒေါ်လှမိုး ၏ ပြောကြားချက်အရ သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)