မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှတ်မြတ်နားတော်တို့အား ရွှေဆိုင်းသင်္ကန်းများ ကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှတ်မြတ်နားတော်တို့အား ရွှေဆိုင်းသင်္ကန်းများ ကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

 


MNP - နိုဝင်ဘာ  ၂၇


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းဘုရား (၁၆) ဌာန သမိုင်းဝင် ဆံတော်ရှင်များ ကိန်းဝပ်စံပယ်တော်မူသော စေတီတော်များအနက်မှ သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှတ်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူ ပူဇော်နိုင်ရန်အတွက် စိန်ဖူးတော်၊ ငှတ်မြတ်နားတော်တို့အား ရွှေဆိုင်း သင်္ကန်းများ ကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယနေ့နံနက်ပိုင်းက ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ဧည့်ပရိသတ်အပေါင်းတို့မှ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း ရွှေဆိုင်းသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေခဲ့သည်။


ထို့နောက် ဆရာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှတ်မြတ်နားတော်တို့တွင် ရွှေဆိုင်းများ ကပ်လှူခြင်းဖြင့် ပူဇော်ခဲ့ကြသည်။


ထိုနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့ကမော်လမြိုင်မြို့၊  သမိုင်းဝင် လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြ ည်ညို၍ မော်လမြိုင်မြို့၊ မြဆည်းဆာဘိုးဘွားများ ခိုလှုံရာရိပ်သာ၏ ဦးစီးပဓါန နာယက ဆရာတော်ဘဒ္ဒန္တနရိန္ဒထံ လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးရာများ လျှောက်ထား ခဲ့ပြီး စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌အပတ်စဉ် ဝါတွင်းဝါပမကျန် စတုဒိတာကျွေးမွေးခြင်းကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)