ရသေ့‌တောင်မြို့၌အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အိမ်သုံးလျှပ်စစ်ပြုပြင်‌ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့‌တောင်မြို့၌အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အိမ်သုံးလျှပ်စစ်ပြုပြင်‌ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


MNP ၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရ‌သေ့တောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပို့ချသည့် အသက်မွေးဝမ်းကျောင်းအထောက် အကူပြုအိမ်သုံးလျှပ်စစ်ပြုပြင်‌ရေးသင်တန်းဆင်းပွဲအ ခမ်းအနားကိုယမန်နေ့နံနက်(၁၀)နာရီအချိန် က ရသေ့တောင်မြို့ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ဦးစီးဌာနရုံးခန်း မ၌ကျင်းပပြုလုပ်သည်။


သင်တန်းဆင်းပွဲတွင်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦး တင်မောင်ဦးကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးပြီးအလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေပြီးအသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်‌ စေရရန်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီးသင်တန်းတက်ရောက်ပြီးမြောက်သောသင်တန်းသားများကိုသင်တန်းမှရရှိသောပညာရပ်များကိုအသုံးချကာအသက်မွေးဝမ်းကျောင်းအဖြစ်လက်တွေ့ကျကျအသုံးချကာကြိုးစားအထုတ်ဆောင်ရွက်ကြရန်လိုကြောင်းပြောကြားသည်။


အဆိုပါ အိမ်သုံးလျှပ်စစ်ပြုပြင်ရေးသင်တန်းကို သင် တန်းသား (၂၀)ဦးတက်ရောက်ခဲ့ပြီးသင်တန်းကာလမှာနိုဝင်ဘာလ ( ၇)ရက်နေ့မှ(၂၆) ရက်နေ့ထိသုံးပတ်ကြာစာတွေ့၊ လက်တွေ့သင်ကြားသွား‌ပေးခဲ့ကြောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးတင်‌မောင်ဦးထံမှ သိရသည်။


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)