ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ

 




MNP - နိုဝင်ဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီကစ၍ (၃၃)ရပ်ကွက်၊ ကျောက်စိမ်းလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။


ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၈၀ ကျပ်ဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၅ လုံးတို့အား ရပ်ကွက်တွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့သည်။ အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီးလာရောက်ဝယ်ယူသူများအား ကိုဗစ်-၁၉ ရောဂါအသိပညာပေးနှာခေါင်းစည်း(mask)များ ဝေငှခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)