ရတနာပုံတက္ကသိုလ်၌ လူငယ်ရေးရာဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရတနာပုံတက္ကသိုလ်၌ လူငယ်ရေးရာဆွေးနွေးပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၂၉


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ရတနာပုံတက္ကသိုလ်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံ တက္ကသိုလ်နှင့်ပူးပေါင်းကျင်းပသော လူငယ်ရေးရာဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက်လူငယ်ရေးရာ ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက် ၇ ရပ်ကို တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရတနာပုံတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဒေါ်တင်စောထွေးက ကျေးဇူး တင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး လူငယ်ရေးရာဆွေးနွေးပွဲတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးတို့ကဆွေးနွေးပွဲကို စတင်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေးခေါင်းများစဉ်ဖြင့် မယွန်းမီမီသက် (ရှေးဟောင်းသုတေ သန) ဒုတိယနှစ်ကလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် အားကစားခေါင်းများစဉ်ဖြင့် မောင်ဇေယျ(ရှေးဟောင်းသုတေ သန) စတုတ္ထနှစ်ကလည်းကောင်း၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အနုပညာယဉ်ကျေးမှုခေါင်းစဉ်များဖြင့် မကြည်ဖြူခိုင်ထွန်း(ဥပဒေ) ပဉ္စမနှစ်ကလည်းကောင်း၊ လူငယ်နှင့်ကျားမတန်းတူညီမျှမှု၊ လူငယ်နှင့်စေတနာ့ ဝန်းခေါင်းစဉ်များ ဖြင့်မောင်ကျော်ဖြိုးဝေ (ရုက္ခဗေဒ)စတုတ္ထနှစ်ကလည်းကောင်း၊ လူငယ်နှင့်နိုင်ငံတကာဆက်ဆံရေးခေါင်းစဉ်ဖြင့် မလင်းလက်လက်နိုင်ဝင်း (နိုင်ငံတကာဆက်ဆံရေး) ဒုတိယနှစ်မဟာတန်းက လည်းကောင်း၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းခေါင်းစဉ်ဖြင့် မောင်ကျော်စွာအောင် (ရူပဗေဒ)ပထမနှစ် ဒုတိယနှစ်ဝက်ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများ အပေါ်ဒေါ်ဝေဝေဖြိုးက ဖြည့်စွတ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ယခုဆွေးနွေးမှုအပေါ် ထပ်မံဆွေးသူများကို ဖိတ်ခေါ်ဆွေးနွေးခဲ့ရာကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်မူးယစ်းဆေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ယွ်ကျေးမှုခေါင်းစဉ်များကို ဖြည့်စွတ်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပြီးတွင်ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်မိုးသူဇာနှင့်မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးတို့ကဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသောကျောင်းသား၊ ကျောင်းသူ၆ ဦးအားအမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)