ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - နိုဝင်ဘာ  ၂၉


တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲများအား တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ ပုသိမ်၊ ဟင်္သာတ၊ မအူပင် တက္ကသိုလ်များတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၅၂.၁၆% ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအောင်ချက်အ‌ကာင်းဆုံး ရရှိခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာအောင် နှစ်စမှစပြီး ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖြေဆိုမည့်သူများသည် စာသင်ကြားပေးသည့် နေရာတစ်ခုခုတွင် တက်ရောက် သင်ယူနေမှသာ အောင်မြင်စွာ ဖြေဆိုနိုင်မည်ဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းသား မိဘများက ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ် ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် အလေးထား ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှသာ အဆင့်မြင့်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါ‌ကြောင်း၊ ဆွေးနွေးပွဲရလဒ်များအား ဆရာ၊ ဆရာများ အနေဖြင့် သေချာမှတ်သား၍ မိမိ၏တပည့်များအား နားလည်အောင် ဆင့်ပွား ပို့ချပေးရန်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ အကျိုးရှိသော ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် သင်ကြား ဆွေးနွေးပေးမည့် ဆရာကြီး၊ ဆရာမကြီးတို့အ‌နေဖြင့်နှင့် အပြန်အလှန် ဆွေးနွေးပေးရန်”ပြောကြားသည်။


ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မာ့ရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများအား ပေးအပ်ရာ  ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ “(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုယာဉ်နှင့်အတူ ယိမ်းအဖွဲ့များမှ ပါဝင်ဖျော်ဖြေ ရမှာဖြစ်ပါကြောင်း၊ ယိမ်းအဖွဲ့များ ကပြရန်အတွက် တိုင်းဒေသကြီးသီချင်းအား ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သီချင်း၊ စာသားနှင့် အကမှာလည်းမြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွ ဖြစ်စေရန်ဖြစ်ပါကြောင်း” ပြောကြားသည်။


ထို့နောက် ယိမ်းကပြရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးက ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ အခြေခံပညာ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် သင်တန်း(ဇီဝဗေဒဘာသာရပ်)အား ပုသိမ်တက္ကသိုလ်မှ နည်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာများ အနေဖြင့် သင်ကြားပို့ချမှုအား ကြိုးစား လေ့လာသင်ယူမှတ်သားကြရန်နှင့် မိမိ၏ တပည့်များအား လက်တွေ့ကျကျ အကောင်းဆုံး ပြန်လည်သင်ကြားပေးနိုင်ရေးတို့အား မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)