ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ



MNP - နိုဝင်ဘာ  ၂၉


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင်    လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်တို့နှင့်အညီ တာဝန်ရှိသူများက  ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ လူရည်ချွန်ရွေးချယ်ရေးဖြေ စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် (ပထမ)နေ့၌ မြန်မာစာ၊ အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲကို ကျောင်းသား/သူ(၄၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အထွေထွေဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်မှု၊ ယုံကြည်မှုစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းတို့ကို နိုဝင်ဘာ ၂၉ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိကျင်းပသွားမည်ဖြစ်ပြီး Grade-9 ကျောင်းသား၊ ကျောင်းသူများ(၁၈)ဦး၊ Grade-10 တွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး နှင့် Grade-11 တွင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သတင်းရရှိသည်။


သတင်း - အေးမဉ္ဇူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)