ဘူးသီးတောင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

 


MNP - နိုဝင်ဘာ  ၂၉


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကိုကျင်းပရာ ကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးကအမှာစကားပြောကြားပြီး၊ ဘူးသီးတောင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်မှ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကလေးသူငယ်မှုခင်းများ၊ ကလေးသူငယ်အမှုများနှင့်ပတ်သက်၍ ကြီးကြပ်သူအစီရင်ခံစာတင်သွင်းနိုင်မှုအခြေအနေ၊ စစ်ဆေးဆဲလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့်အမှုများအခြေအနေ၊ ဘူးသီးတောင်မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လိုသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးမှူးတို့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)