ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု‌ မွေးမြူ‌ရေးနှင့်ကုသ‌ရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု‌ မွေးမြူ‌ရေးနှင့်ကုသ‌ရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ  ၂၅


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍ နိုဝင်ဘာလ (၁၄) ရက်မှ (၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု‌ မွေးမြူ‌ရေးနှင့်ကုသရေးလုပ်ငန်း သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားသည်။


ထို့နောက် မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းမွေးမြူရေးနှင့်ကုသရေးသင်တန်းကို  နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာ ဇင်မာမင်းက ပို့ချသင်ကြားပေးခဲ့ပြီး တက်ရောက်သူ သင်တန်းသား/သူဦးရေ (၁၅ ) ဦး တက်‌ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်သင်တန်းသားများအား တာဝန်ရှိသူများက ဆုချီးမြှင့်ကာ မွေးမြူရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ခတ္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)