MNP - နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲဝန်းကျင်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂) စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁) နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
ဖြစ်စဉ်မှာ မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာနေ ဒေါ်ဖူနော်နီ၏ ဓနိမိုး၊ ဝါးထရံကာ နေအိမ်အတွင်းရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ဘေးကပ်လျက်ရှိ ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုး နေအိမ် (၁) လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူ/ တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ပေါ့ဆစွာသုံးစွဲခဲ့သူ ဒေါ်ဖူနော်နီအား မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment